2010年11月24日水曜日

အချစ်ဆုံးမို့ မမုန်းရက်နိုင်တော့သည်။

မတွေ့လို၊ မမြင်လို၊ မကြားလို၊
မတွေးလို၊ မကြံလို၊ မလွမ်းလို၊
မဝေးလို၊ မမုန်းလို၊ မစိမ်းလို။ ။
တွေ့မြင်သော်လျက် မကြင်ရက်သည်၊
တွေးကြံရော်ရမ်း အခေါ်ခက်ပြီ၊
ိနားလည်သိလျက် နာခံခက်သည်၊
ဆွေးဆွေးနင့်ရာ မငိုသာပြီ၊
တည်ရာနီး၏ မဆုံတော့ပြီ၊
ဘယ်သော့်ခါမျှ မဆုံတော့ပြီ။ ။

4 件のコメント:

  1. ခေါင်းစဉ်=ချစ်မိုးကြီးသီချင်းမှစာသားကိုယူပါသည်။

    返信削除
  2. အမှားမလှလို့ ဖြတ်ရမတဲ့။
    အတွေးမယဉ်လို့ စိမ်းရမတဲ့။
    စိတ်ချင်းမနွယ် လို့ဝေးရမတဲ့။

    အကြည့်ဆုံတော့ ရှောင်နိုင်သတဲ့လား။
    ရင်ဘတ်ငိုတော့ ဖြည်နိုင်သတဲ့လား။
    ဆုတောင်းချော်တော့ ကွာနိုင်သတဲ့လား။

    အချစ်ဆုံးကြောင့် ပန်းတွေဝေလို့ ပွင့်ခဲ့ဖူးပြီ။
    သစ္စာရနံ့ တွေတော့သင်းလို့ပျံ့လို့နေတုန်းလေ။

    返信削除
  3. ငိုအောင်မလုပ်ပါနဲ့ မခင်ခင်.!_!

    返信削除
  4. မငိုပါနဲ့ မအေးရယ် နွေဦးရောက်ဦးမှာပါ !_!

    返信削除