2013年10月16日水曜日

2011年3月1日火曜日

စွဲလမ်းခြင်း

အမှတ်တရပြခန်း
ရင်ထဲမှာဖွင့်ထားခဲ့။
နေ့စွဲတွေအောက်
စကားတွေ၊နေရာတွေ၊သီချင်းတွေ၊
ဓာတ်ပုံဟောင်းတွေ၊ရုပ်ရှင်လက်မှတ်တွေ၊
ဆေးလိပ်ပြာတွေ..........
ဒိုင်ယာရီလေးအုပ်။
အနာဂတ်တွေပစ္စုပ္ပန်ဖြစ်လာတော့
ငါ့ပြခန်းလေးပိတ်လိုက်တယ်။
ထုတ်ပြရန်ထုတ်ကြည့်ရန်မရှိ
်တိတ်တိတ်ဆိတ်ဆိတ်သော့ခတ်
အမှတ်တရနဲ့အသက်ရှင်တယ်။

2010年11月24日水曜日

နောက်ဆုံးလက်ဆောင်

လင်းစေ
ကြယ်ရောင်လင်းစေ
ချစ်သူ့ကောင်းကင်
ကြည်လင်ဝင်းစေ။
နွေးစေ
နေခြည်နွေးစေ
သူ့မိုးသောက်ချိန်
ရောင်ခြည်ဦးဝေ။
ငြိမ်းစေ
အိပ်မက်ကောင်းမြင်
စက်ပျော်ငြိမ်းစေ။
လွမ်းကြွေ
သူမသိစေ
ကိုယ့်ဆုတောင်းလေး
ဘယ်ခါပြည့်စေ။
မုန်းပါစေ
မငြှိုးရက်လေ
သူလေမုန်းပါစေ။

အချစ်ဆုံးမို့ မမုန်းရက်နိုင်တော့သည်။

မတွေ့လို၊ မမြင်လို၊ မကြားလို၊
မတွေးလို၊ မကြံလို၊ မလွမ်းလို၊
မဝေးလို၊ မမုန်းလို၊ မစိမ်းလို။ ။
တွေ့မြင်သော်လျက် မကြင်ရက်သည်၊
တွေးကြံရော်ရမ်း အခေါ်ခက်ပြီ၊
ိနားလည်သိလျက် နာခံခက်သည်၊
ဆွေးဆွေးနင့်ရာ မငိုသာပြီ၊
တည်ရာနီး၏ မဆုံတော့ပြီ၊
ဘယ်သော့်ခါမျှ မဆုံတော့ပြီ။ ။

2010年11月22日月曜日

်ဘ၀ကိုချစ်ခြင်း

ဘယ်သူတွေဘာပြောပြော..
ငါရေးတဲ့ငါ့ရာဇ၀င်မတော့
ငါဇာတ်လိုက်ဖြစ်ချင်သပေါ့။

2010年11月13日土曜日

..

ချစ်သူရယ်၊ကိုယ်ရယ်၊နှင်းဆီခင်းရယ်၊လင်းတဲ့ညတွေ..မှောင်တဲ့ညတွေရယ်...
သွားရအောင်ကွယ်လို့် ကိုယ်ကတော့ခေါ်တာပေါ့။
နှစ်ယောက်ထဲနော်အချစ်ရယ်လို့..မျှော်လင့်တကြီးပြောတော့.....အချစ်ဆုံးကပြုံးတယ်။
ဒါပေမယ့်လေ ကိုယ်သိတာပေါ့၊ သူကတော့ပိုလို့တောင်သိသေးတာပေါ့။
သူ ပြုံးတယ်..ကိုယ့့််ကိုငဲ့လိ၊ု့ကြည့်လို့။

2010年3月23日火曜日

ယနေ့ရင်နာဧ။်

မုန်းသတဲ့ ။
ဒီနေ့လေ
သိပ်ကိုရက်စက်
အချစ်ဆုံးပြောထွက်လာတယ်။

စိမ်းလိုက်ချည့်ဆောင်းလေရယ်
့သူကတော့
မျက်ရေတောင် ခဲခဲ့ပြီတဲ့။

ချစ်သူရယ်
နွေဦးလာမှ ကိုယ်ပြန်ခေါ်မယ်
ဒီခါကျ မင်းငိုလှဲ့
ပန်းတွေလှိုင်လှိုင်ပွင့်ဦးမယ်။

ဒါဏ်ရာတွေတော့ရှိစေအချစ်ရယ်
အမှတ်တရတွေလဲ အရေးကြီးတယ်။