2010年11月24日水曜日

နောက်ဆုံးလက်ဆောင်

လင်းစေ
ကြယ်ရောင်လင်းစေ
ချစ်သူ့ကောင်းကင်
ကြည်လင်ဝင်းစေ။
နွေးစေ
နေခြည်နွေးစေ
သူ့မိုးသောက်ချိန်
ရောင်ခြည်ဦးဝေ။
ငြိမ်းစေ
အိပ်မက်ကောင်းမြင်
စက်ပျော်ငြိမ်းစေ။
လွမ်းကြွေ
သူမသိစေ
ကိုယ့်ဆုတောင်းလေး
ဘယ်ခါပြည့်စေ။
မုန်းပါစေ
မငြှိုးရက်လေ
သူလေမုန်းပါစေ။

အချစ်ဆုံးမို့ မမုန်းရက်နိုင်တော့သည်။

မတွေ့လို၊ မမြင်လို၊ မကြားလို၊
မတွေးလို၊ မကြံလို၊ မလွမ်းလို၊
မဝေးလို၊ မမုန်းလို၊ မစိမ်းလို။ ။
တွေ့မြင်သော်လျက် မကြင်ရက်သည်၊
တွေးကြံရော်ရမ်း အခေါ်ခက်ပြီ၊
ိနားလည်သိလျက် နာခံခက်သည်၊
ဆွေးဆွေးနင့်ရာ မငိုသာပြီ၊
တည်ရာနီး၏ မဆုံတော့ပြီ၊
ဘယ်သော့်ခါမျှ မဆုံတော့ပြီ။ ။

2010年11月22日月曜日

်ဘ၀ကိုချစ်ခြင်း

ဘယ်သူတွေဘာပြောပြော..
ငါရေးတဲ့ငါ့ရာဇ၀င်မတော့
ငါဇာတ်လိုက်ဖြစ်ချင်သပေါ့။

2010年11月13日土曜日

..

ချစ်သူရယ်၊ကိုယ်ရယ်၊နှင်းဆီခင်းရယ်၊လင်းတဲ့ညတွေ..မှောင်တဲ့ညတွေရယ်...
သွားရအောင်ကွယ်လို့် ကိုယ်ကတော့ခေါ်တာပေါ့။
နှစ်ယောက်ထဲနော်အချစ်ရယ်လို့..မျှော်လင့်တကြီးပြောတော့.....အချစ်ဆုံးကပြုံးတယ်။
ဒါပေမယ့်လေ ကိုယ်သိတာပေါ့၊ သူကတော့ပိုလို့တောင်သိသေးတာပေါ့။
သူ ပြုံးတယ်..ကိုယ့့််ကိုငဲ့လိ၊ု့ကြည့်လို့။

2010年3月23日火曜日

ယနေ့ရင်နာဧ။်

မုန်းသတဲ့ ။
ဒီနေ့လေ
သိပ်ကိုရက်စက်
အချစ်ဆုံးပြောထွက်လာတယ်။

စိမ်းလိုက်ချည့်ဆောင်းလေရယ်
့သူကတော့
မျက်ရေတောင် ခဲခဲ့ပြီတဲ့။

ချစ်သူရယ်
နွေဦးလာမှ ကိုယ်ပြန်ခေါ်မယ်
ဒီခါကျ မင်းငိုလှဲ့
ပန်းတွေလှိုင်လှိုင်ပွင့်ဦးမယ်။

ဒါဏ်ရာတွေတော့ရှိစေအချစ်ရယ်
အမှတ်တရတွေလဲ အရေးကြီးတယ်။

2010年2月2日火曜日

ဆောင်း

်ကိုယ့်ရဲ့မနက်ခင်းနှင်းဥ
ဒီရင်မှာဆောင်းခိုကွယ့်။
နွေဦးတိုင်ရင်ဖြင့်
ငိုရင်းနမ်းလို့လေ
မျက်ရည်နဲ့နှုတ်ဆက်
နေဝင်မိုးလွန်
ရာသီတခြမ်း လွမ်းရဦးမယ်။

ည၊လ၊လွမ်း

ထိန်ထိန်သာတဲ့လ
လပြည့်ကျော်ရဲ့ည
လှမ်းရင်းလွမ်းတဲ့လမ်း
လင်းပြာလရိပ်ဆမ်း။

2010年1月6日水曜日

ရေသွန်းလလျှင်။

ရေသွန်းလလျှင်။ ။ရွှင်ပပျော်ပါး၊ ဖော်ချင်းများနှင့်၊ ကစားသာကြည်ပျော်ရမည်ကို၊ ဆွေသည်သက်မျှ၊ မွေးဘ မင်းတူ၊
ရှဲသူသက်ပေး၊ မစုံသေး၍၊ ရပ်ဝေးမြေရှည်၊ ချီလေသည်ကို၊ မျက်ခြည်ရှုညောင်း၊ ကြည့်တိုင်းပျောင်းမျှ၊ ပွင့်လောင်းနန်းရန်၊ ရဲတံခွန်က၊ သံဝန်ထွေလာ၊ ဆက်စာမြင့်မြဲ၊ ရောက်လာခဲ၍၊ ရိပ်ဝှဲခန်းချောင်၊ စိန်ညောင်ခြူးဆင့်၊ သလွန်မြင့်ထက်၊ ဖူးမြင့်မျှော်ဝံ့၊ ဆွတ်ဆွတ်ပျံ့မျှ၊ သွယ်ညံ့ကေသျှင်၊ သိမ်းမပြင်သည်။ ။ရက်ဖျင်တာရှည် များတော့သည်။
ရဝေရှင်ထွေး။

ငဲ့လို့ပြုံးပါအုံ့.. မျက်လုံးနီလာပျော်ရဲ့ ............... ..............။



ယခင်ညဆီက၊ မြင်ရမည်အမျှော်ကြီးရယ်နှင့်၊ ဆီမီးတိုင်ရှေ့မှာထွန်းကာပ၊ လွမ်းစရာဘယ်မသိသော်လဲ၊ လွမ်းမိသည်ဟန်မလှလေဘု၊ နွမ်းလျခဲ့ပြီ။


ဆရာ ဇော်ဂျီ။